ဒီနေ့ကတော့ တော်တော်များများက ဒူဘိုင်းကို နိုင်ငံလို့ ထင်နေကြတာကြောင့် အဲဒီအကြောင်းလေး ရှင်းပြပေးချင်လို့ပါ။
တကယ်တော့ ဒူဘိုင်း က နိုင်ငံမဟုတ်ပါဘူးနော်၊ သူက UAE (United Arab Emirates) ဆိုတဲ့နိုင်ငံထဲက မြို့တစ်မြို့ပါ။ ဒီ UAE နိုင်ငံကို Emirates လို့ခေါ်တဲ့ မြို့ကြီး (၇) မြို့နဲ့ ဖွဲ့စည်းထားတာပါ။ အဲ့ဒီ ၇ မြို့က ဘာတွေလဲဆိုတော့...
Abu Dhabi
Dubai
Sharjah
Ras Al Khaimah
Fujairah
Umm Al Quwain
Ajman တို့ပဲ ဖြစ်ပါတယ်။
ဒီတော့ တစ်မြို့ချင်းစီရဲ့ ထူးခြားချက်လေးတွေကို အတူတူ လေ့လာကြည့်ရအောင်!
Abu Dhabi
UAE ရဲ့ မြို့တော်ဖြစ်ပြီး (၇) မြို့ထဲမှာ အကြီးဆုံးနဲ့ အချမ်းသာဆုံးပါပဲ။ ဒီမှာ ကမ္ဘာကျော် Sheikh Zayed Grand Mosque လို ခမ်းနားတဲ့ ဗလီကြီးတွေ၊ Louvre Abu Dhabi ပြတိုက်လို အနုပညာပြတိုက်တွေအပြင် Ferrari World လို စွန့်စားခန်းအပြည့်နဲ့ နေရာတွေလည်း အများကြီးရှိပါတယ်။
Dubai
ဒုတိယအကြီးဆုံး မြို့ပါ။ ကမ္ဘာအမြင့်ဆုံး အဆောက်အအုံဖြစ်တဲ့ Burj Khalifa တို့၊ ဈေးဝယ်စရာ အစုံရှိတဲ့ The Dubai Mall တို့ကြောင့် လူသိများပါတယ်။ ဇိမ်ခံဟိုတယ်တွေ၊ လူလုပ်ကျွန်းတွေနဲ့ ခေတ်မီတဲ့ ဗိသုကာလက်ရာတွေကြောင့် ကမ္ဘာ့အဆင့်မီ စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်း ဗဟိုချက်တစ်ခုဖြစ်နေတာပေါ့။
Sharjah
တတိယအကြီးဆုံးမြို့ပါ။ ဒူဘိုင်းနဲ့ ကပ်လျက်ရှိတာကြောင့် ဒီမြို့မှာ နေပြီး ဒူဘိုင်းမှာ အလုပ်လုပ်တဲ့သူတွေ အများကြီးပါပဲ။ ယဉ်ကျေးမှုနဲ့ ပညာရေးအတွက် အချက်အချာကျတဲ့နေရာဖြစ်ပြီး University City လို့ခေါ်တဲ့ တက္ကသိုလ်တွေ၊ ကောလိပ်တွေ အများကြီးရှိတဲ့ မြို့တော်ကြီးလည်း ဒီမှာ တည်ရှိပါတယ်။
Ras Al Khaimah
UAE ရဲ့ မြောက်ဘက်ဆုံးမှာ ရှိပါတယ်။ သဘာဝအလှတရားတွေ၊ သမိုင်းဝင်နေရာတွေအပြင် စွန့်စားခန်းအားကစားတွေအတွက်လည်း နာမည်ကြီးပါတယ်။ UAE ရဲ့ အမြင့်ဆုံးတောင်ဖြစ်တဲ့ Jebel Jais တောင်လည်း ဒီမြို့မှာရှိတာမို့ Zipline လို စိတ်လှုပ်ရှားစရာ အားကစားတွေ လုပ်လို့ရပါတယ်။
Fujairah
အရှေ့ဘက်ခြမ်းမှာ ရှိပြီး တခြားမြို့တွေနဲ့မတူဘဲ Gulf of Oman ပင်လယ်ကွေ့ပေါ်မှာ တည်ရှိပါတယ်။ ရှေးဟောင်းအဆောက်အအုံတွေနဲ့ ရဲတိုက်တွေ အများဆုံးရှိတဲ့မြို့ဖြစ်လို့ သမိုင်းဝင်နေရာတွေကို ကြိုက်တဲ့သူတွေအတွက် သွားသင့်တဲ့နေရာပေါ့။
Umm Al Quwain
ဒုတိယအငယ်ဆုံးနဲ့ လူဦးရေအနည်းဆုံးမြို့ပါ။ ငြိမ်သက်အေးချမ်းတဲ့ မြို့လေးဖြစ်ပြီး သဘာဝဒီရေတောတွေ၊ လှပတဲ့ ကမ်းခြေတွေနဲ့ ကျွန်းလေးတွေ အများကြီးရှိပါတယ်။ ဒါကြောင့် ငှက်ကြည့်တာ၊ လှေစီးတာလို သဘာဝနဲ့ အနီးကပ် လှုပ်ရှားမှုတွေ လုပ်ချင်ရင် ဒီမြို့လေးက အဆင်ပြေပါတယ်။
Ajman
UAE ရဲ့ အငယ်ဆုံးမြို့ပါ။ ဒူဘိုင်းနဲ့ Sharjah ရဲ့ မြောက်ဘက်မှာ တည်ရှိပါတယ်။ ဒီမြို့မှာလည်း ကမ်းခြေလှလှလေးတွေနဲ့ ဟိုတယ်ကောင်းကောင်းတွေ အများကြီးရှိလို့ ခရီးသွားတွေအကြား ရေပန်းစားပါတယ်။
UAE ကို အလုပ်လာရောက်လုပ်ကိုင်ဖို့ စဉ်းစားနေသူတွေအတွက် ဒီနိုင်ငံနဲ့ ပတ်သက်တဲ့ အခြေခံအချက်အလက်လေးတွေကို ကြိုတင်သိစေချင်လို့ပါ။
အားလုံးပဲ အဆင်ပြေချောမွေ့ကြပါစေနော်။ ❤️
#wyne #knowledgesharing #emirates
#uae #Dubai