ယူအေအီးမှာ လိင်ပိုင်းဆိုင်ရာ စော်ကား/ကျုးလွန် ခံရတဲ့အခါ ဘယ်လိုပြုမှုဆောင်ရွက်သင့်လဲ?

 🇦🇪 ယူအေအီးမှာ လိင်ပိုင်းဆိုင်ရာ စော်ကား/ကျုးလွန် ခံရတဲ့အခါ ဘယ်လိုပြုမှုဆောင်ရွက်သင့်လဲ? 


လက်ရှိဖြစ်စဥ်အရ ဥပဒေကို နားမလည်၊ ရာဂအမှောင်ဖုံးတော့ Case ဖြစ်သွားရတယ်၊ ကျူးလွန်ခံရသူရဲ့ ရှက်စိတ် ကြောက်စိတ်​ကြောင့်သာ ဥပဒေက ​သက်ရောက်မှုအားနည်းနေရခြင်းဖြစ်တယ်။ ဒါကြောင့် ဒီ Post ကို ဖတ်ပြီး နောင်အတွက် ကျူးလွန်ဖို့ ကြိုးစားသူရော၊ ကျူးလွန်ခံရမဲ့သူရော နှစ်ဖတ်စလုံးရဲ့ အမြင်ကို ပြောင်းလဲစေဖို့ရည်ရွယ်တယ်။


ပထမဆုံး ကျုးလွန်သူဘက်က သိထားရမှာက Rape/Sexual Assault နဲ့ပတ်သက်ပြီး ယူအေအီးမှာ တင်းကျပ်တဲ့ ဥပဒေရှိတယ်ဆိုတာကို သိရမယ်။ 


⚖️ဥပဒေအရ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ထိရှိနိုင်ပြီး၊ အခြေအနေအရ 18 အောက်၊ မသန့်မစွမ်းသူများနှင့် မိမိစောင့်ရှောက်မှုအောက်မှာရှိသောသူများ အိမ်အကူ/ Caregiver စသဖြင့် သူများကိုကျူးလွန်ခဲ့ပါက သေဒဏ်အထိချမှတ်နိုင်တယ်။ 


ကျုုးလွန်ခံရသူဘက်ကတော့ ခြိန်းခြောက်ခံရမှုအဆင့် နှင့် ကျူးလွန်ခံရခြင်း အဆင့်ကွဲသွားမယ်။ 


ခြိန်းခြောက်ခံရတဲ့ အဆင့်မှာတော့ ချက်ချင်းဆိုသလို 📞999 (emergency) ကို ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် နီးစပ်ရာ ရဲစခန်းကို အထောက်အထားသက်သေတွေနဲ့ တကွ သွားရောက်တိုင်ကြားလို့ ရမယ်။ အခြေအနေအရ အွန်လိုင်းက ပို့လာတဲ့ စာသား၊ ဓါတ်ပုံမဟုတ်ပဲ၊ မိမိအား ကိုယ်တိုင်ပြသလာသော ပုံတွေ ဖြစ်ပါကလည်း မိမိအနေဖြင့် ကျုးလွန်သူကို သိနေ၍ တိုင်ကြားပါက သက်ဆိုင်ရာက ချက်ချင်းထိန်းသိမ်းပြီး ကျုးလွန်သူရဲ့ အထောက်အထားတွေကို တိုက်ရိုက်စစ်ဆေး အတည်ပြုနိုင်မှာဖြစ်တယ်။ 


For online threats:


💻 Dubai Police eCrime → https://ecrime.ae


☎️ Abu Dhabi Police Aman Service → 8002626 or aman.gov.ae


----


ကိုယ်ထိလက်ရောက် လိင်ပိုင်ဆိုင်ရာ ကျုးလွန်ခံရပြီးနောက်မှာတော့ ဖြစ်ဖြစ်ပြီးခြင်းမှာ ဆောင်ရွက်ရမဲ့ အခြေအနေတွေက - 


- ကျုးလွန်ခံရချိန်တွင် ဝတ်ထားသော အဝတ်အစား တန်ဆာ တစ်စုံတစ်ရာကိုမျှ လဲလှည်ပြောင်းလဲ ဝတ်ဆင်ခြင်း မပြုလုပ်ရန်နှင့်

- အပေါ့သွားလိုက်ခြင်း၊ ဆေးကြောသန့်စင်လိုက်ခြင်း မပြုလုပ်လိုက်ပါနဲ့

- နီးစပ်ရာ ကျန်းမာရေး ဆေးခန်း၊ ဆေးရုံကို ချက်ချင်းဆိုသလို​သွားရောက်ပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ခံရကြောင်း ပြောပြ၍ စစ်ဆေးမှု ခံယူပါ၊ ဆေးခန်းက သက်သေတွေအကုန် ရယူထိန်းသိမ်းထားပေးပါမယ်။ 


၄င်းနောက် 999 သို့မဟုတ် နီးစပ်ရာ ရဲစခန်းကိုသွားရောက်၍ အမူဖွင့်ပါ FIR Report တင်ပါ၊ Statement ပေးပါ။ မိမိက ဘယ် Clinic/Hospital ကို သွားခဲ့ကြောင်း ပြောပြပါ။


၄င်းနောက်မှာတော့ ယူအေအီးမှာ Women နဲ့ Children နဲ့ ပတ်သက်ပြီး ကူညီပေးတဲ့ ဖောင်ဒေးရှင်းတွေ ရှိပါတယ်။ 


☎️ Dubai (DFWAC) – Helpline: 800111


☎️ Abu Dhabi – Helpline: 800SAVE (8007283)


နောက်ဆုံးအဆင့်အနေနဲ့ မိမိ ရဲ့ Consulate Office/Embassy ကို ဆက်သွယ်ခြင်း၊ နဲ့ လိုအပ်ပါက Legal Advice နဲ့ Support က်ို အောက်ပါ link ကနေ Free service အနေဖြင့် ရယူနိုုင်ပါတယ်။


https://www.moj.gov.ae/en/services/other-services/legal-in-your-help.aspx


အခြေအ​နေအရ ကျူးလွန်ခံရသူအနေနဲ့ ကျုးလွန်ခံရ​ချိန်မှာ ရှက်စိတ်၊ ကြောက်စိတ်၊ နားမလည်မှုတွေကြောင့် ကြိမ်ဖန်များစွာသော ကျုးလွန်မှုတွေ ထပ်ခါ ထပ်ခါဖြစ်လာရတယ်၊ ဒါကို အခွင့်ကောင်းယူပြီး၊ ကျူးလွန်သူကလည်း ရှေ့ဆက်လို့ အခြားသူတွေကို ပစ်မှတ်ထားလာတာ ဖြစ်နိုင်မယ်။ ဒါကြောင့် ဒါမျိုးကိစ္စကို ထိထိရောက်ရောက်ဖြေရှင်းသင့်ပါတယ်။ လိင်ပိုင်ဆိုင်ရာ ကိစ္စဖြစ်ပေါ်လာပါကလည်း မိမိနဲ့ အနီးစပ်ဆုံးသော သူကိုသာအသိပေး၍ အထက်ပါ အချက်အလက်တွေလုပ်ဆောင်ပါ၊ သက်ဆိုင်ရာအနေဖြင့် ကျုးလွန်ခံရသူရဲ့ လုံခြံရေးကိုအပြည့်အဝ ကာကွယ်ပေးမှာဖြစ်လို့ မိမိ အနေဖြင့် အရှက်သိခ္ခါပြတ်ပြားမှုမျိုးအခြေအနေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။


DUBAI & Me - Burmese Voice 


#DubaiAndMe #dubaivisa #jobseekers #Labour #labourban #dubai #WomenRights

Post a Comment

Previous Post Next Post