အလုပ်တော့ ပုံမှန်လျှောက်နေတယ် Interview မရလို့ ဘယ်လိုလုပ်ရမှာလည်း???

 အလုပ်တော့ ပုံမှန်လျှောက်နေတယ် Interview မရလို့ ဘယ်လိုလုပ်ရမှာလည်း???




အလုပ်မရခင်/offerမရခင် အင်တာဗျုးရဖို့က ပထမဆုံးအဆင့် အရေးကြီးတာမို့ ‌အောက်ပါအချက်လေးတွေ‌ ပြောပြပေးပါမယ်။


နံပါတ်(၁) 

အလုပ်လျှောက်တဲ့ Cv or Resume ကိုသေချာပြန်စစ်ပါ။ ကိုယ်ကိုတိုင်ပြင်ထားတယ်ဆိုရင် စီနီယာ‌တွေကို ပြကြည့်ပါ။ service အပ်ထားတယ်ဆိုလဲ အချက်အလက်လေးတွေ သေချာပြန်စစ်ကြည့်ပါ။ မပြည့်စုံရင်ပြန်ဖြည့်ခိုင်းပါ။ ဒီနေရာမှာ အတွေ့အကြုံကော်၊ Position နဲ့သက်ဆိုင်တဲ့skillsတွေကော် သေချာနေဖို့ လိုပါတယ်။


နံပါတ်(၂)

Cv or Resume မှာ ထည့်ထားတဲ့ ဓာတ်ပုံက အင်တာဗျူးရချင်း/မရချင်းရဲ့ 80%လောက်အရေးပါပါတယ်။ အတွေ့အကြုံဘယ်လောက်ရှိရှိ ကိုယ့်ရဲ့first impression က Cv မို့ပါ။

Recruiter တွေက ကိုယ့်Cvကြည့်ဖို့ 10 secondsထက်အချိန်မရပါဘူး။(လက်တွေ့မြင်ရလို့ပြောတာပါ)


နံပါတ်(၃)

 Cv dropတဲ့အချိန်ပါ။ ပုံမှန် မနက် 6-11အတွင်း dropလို့ရသလို နေ့ခင်း 2-5အတွင်းလဲ dropလို့ရပါတယ်။ ဒီအချိန်တွေက Hrတွေအနေနဲ့ email တွေစစ်တတ်တာမို့ အချိန်မှန်လျှောက်ဖို့ လိုတာပါ။


နံပါတ်(၄)

ဒီအချက်ကတော့ ချွင်းချက်ပါ။😅 တခြားလူတော့မသိဘူး။ ကျွန်တော့်အနေနဲ့တော့ ယုံကြည်ပြီးလုပ်ခဲ့တဲ့အရာပါ။ အဲ့တာကတော့ ဘုရားတရားလုပ်တာပါ။ အိပ်ယာမဝင်ခင် ဘုရားအာရုံပြုတာ စိတ်ပတီးစိတ်တာညတိုင်းအာရုံပြုပါတယ်။

အင်တာဗျူး or အလုပ်ရဖို့က ကံပေါ်လည်းမူတည်တယ်ဆိုတာ UAEရောက်သူတိုင်း သိပါတယ်။


ဒီနေ့တော့ ဒီလောက်ပါဘဲ။ အားလုံးအဆင်ပြေကြပါစေ။


#jaanuo #အတွေ့အကြုံ Khun Thu Ra

#jobsearch #career #dubailifestyle #hoteljobs #uae #dubai

Post a Comment

Previous Post Next Post